မိလိန္ဒမင်းကြီးနှင့်အရှင်နာဂသိန်အမေးအဖြေစာအုပ်မှမိလန္ဒမင်းကြီးကအရှင်နာဂသိန်အားမေးမြန်းခဲ့သော အမေးပုစ္ဆာများထဲမှတစ်ခုဖြစ်သော“မကောင်းမှုကိုသိလျက်ပြုသူနှင့်မသိ၍ပြုသူတို့တွင်မည်သူကအပြစ်ကြီး သနည်း”ဟူသောအမေးအဖြေလေးကို ကောက်နုက်ဖော်ပြပေးလိုက်ပါသည်။
“အရှင်နာဂသေနဘုရား၊မကောင်းမှုကိုသိလျက်ပြုသူနှင့်မသိ၍ပြုသူတို့တွင်အဘယ်သူ၏အကုသိုလ်ကံကပို ၍အားကောင်းပါသနည်း”
“မင်းမြတ်၊မသိ၍ပြုသောသူ၏အကုသိုလ်ကံကပို၍အားကောင်းပေ၏”
“အရှင်ဘုရား၊ထိုသို့ဖြစ်ပါလျှင်မသိ၍အကုသိုလ်ပြုသောမင်းသားကိုဖြစ်စေ၊အမတ်ကိုဖြစ်စေ အပြစ်ဒဏ်နှစ် ဆပေးရမည်လော”
“မင်းမြတ်၊ဤမေးခွန်းကိုသင်မင်းမြတ်မည်သို့မှတ်ယူပါသနည်း။ လောလောပူနေသောသံတွေခဲကိုသိလျက် ကိုင်သူနှင့်မသိ၍ကိုင်သူတွင်မည်သူသည်ပို၍အပူလောင်ခံရပါမည်နည်း။”
“အရှင်ဘုရား၊မသိ၍ကိုင်မိသူက ပို၍အပူလောင်ခံရပါလိမ့်မည်”
“မင်းမြတ်၊ဤအတူသာပင်မသိ၍ပြုသောသူ၏အကုသိုလ်ကံကပို၍အပြစ်ကြီးပေ၏”
“အရှင်ဘုရား၊သင့်လျော်လှပေ၏”
ဤအမေးအဖြေလေးကိုဖတ်လိုက်ရခြင်းဖြင့်ကျွန်တော်တို့သည်လည်းဘယ်အရာမဆိုမသိလို့လုပ်တာဆိုပြီး တော့လွယ်လွယ်လေးပြောဆိုခြင်းဖြင့် ဘ၀မှာအမှားတွေ မဖြစ်အောင်ဆင်ခြင်သင့်လှပါသည်။ ဘူးတစ်လုံး ဆောင်အိုတောင်မဆင်းရဲဘူးဆိုပြီးတော့ငါမသိဘူးဆိုပြီးတော့“ဘူး”ခံပြီးအမှားလုပ်မိရင်တော့ဆရာတော် အရှင်နာဂသေနဥပမာပေးသလိုဘဲမီးပူကိုသိလို့ကိုင်တာနဲ့မသိလို့ကိုင်တဲ့သူနှစ်ယောက်မှာမသိလို့ရမ်းပြီး ကိုင်တဲ့သူကပူလောင်တာကိုခံရမှာဖြစ်ပြီးသိတဲ့သူကတော့...ငါဒါကိုလုပ်ခဲ့ရင်၊လုပ်မိရင်ဘယ်လိုရင်ဆိုင်ရ မယ်ဆိုတာကိုကြိုတင်ပြီးတော့ဆင်ခြင်တုံတရား၊သတိတရားဖြင့်နှလုံးသွင်းဆင်ခြင်နိုင်ပြီးလမ်းမှန်ကိုလျှောက် လမ်းနိုင်မှာဖြစ်ပါတယ်။မမှားသောရှေ့နေ၊မသေသောဆေးသမားဆိုတာတော့ရှိတာပေါ့။ ဒါပေမယ့်ကျွန်တော်တို့တွေဖြေနေရတဲ့ဘ၀စာမေးပွဲတွေမှာကိုယ်ကိုတိုင်တကယ်နားလည်ပြီးတော့ဖြေလို့ မှားတာထက်လုံးဝမသိဘဲဖြေလို့ မှားတာမျိုးတွေမဖြစ်ရအောင် ဆင်ခြင်ရမှာဖြစ်ပါတယ်။အမှားတွေရှိလာရင် လည်းအဲဒီအမှားကိုကြည့်ပြီးအမှန်ကိုပြန်လည်ရှာနိုင်ရမှာဖြစ်ပါတယ်။အမှားတွေထဲမှာသာဆက်ပြီးတော့တ ၀ဲလည်လည်ဖြစ်နေရင်တော့ဘ၀တစ်ခုလုံးလောင်မြိုက်ပြီးလူဖြစ်ရကျိုးဆုံးရှုံးရမှာသာဖြစ်ပါတယ်။
အားလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်းဘ၀မှာဘယ်အရာမှာမဆိုသတိရားလေးဖြင့်နှ လုံးသွင်းခြင်နိုင်ကြပါစေ။
Copyright 2010 မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း
Theme designed by Lorelei Web Design
Blogger Templates by Blogger Template Place | supported by One-4-All
1 အကြံပြုပါသည်။:
မကောင်းမှုကိုသိလျက် ပြုလုပ်သူကသာ အပြစ်ကြီးတယ် လို့ပဲထင်မှတ်မိတာပါ။ မသိတာကိုပြုလုပ်မိရင် အပြစ်ရှိ တယ်လို့တောင် မထင်မိပါဘူး။
2/04/2010 7:40 PMမသိပဲလုပ်မိတဲ့အရာတွေကို ခွင့်လွှတ်တတ်ကြတဲ့ လူ့သဘောထားအရ မသိပဲလုပ်ရင်အပြစ်မရှိဘူးလို့ပဲ လူအများကယူဆကြပါတယ်။ ဒါကြောင့် ဒီပိုစ့်လေးဟာ လူတိုင်းသိသင့်ပြီး၊ အကျိုးများတဲ့ ပိုစ့်တစ်ပုဒ်ပါ။
ကျေးဇူးပါ တောသားလေးရေ။ အဆင်ပြေပျော်ရွှင်ပါစေ။
Post a Comment