*ဟန်ဆောင်လင်မယား*
အမေး။ ။ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင် လက်ထပ်ပြီး နိုင်ငံခြားတိုင်းပြည်မှာနေထိုင်
ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။ ဟန်ဆောင် လက်ထပ်တယ်ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာဥပဒေ
အရတော့လုပ်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါဟန်ဆောင်လက်ထပ်ထားတဲ့သူနဲ့ အတူနေထိုင်
ခြင်း မရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း ယောင်္ကျားအသစ်ထပ်ယူသလို၊ယောင်္ကျားက
လည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။ သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက် နှင့် ကာမေသုကိုလည် အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့အမေးအဖြေကဏ္ဍ
မှာ စောင့်မျှော်နေပါမယ်ဘုရား။ ။
လှိုင်းအိမ်
ထိုင်ဝမ်
အဖြေ။ ။ ကာမေသုနဲ့ပတ်သက်ပြီး ဆရာတော်များလည်းဖြေကြားတော်မူခဲ့ကြပြီးခဲ့ပြီ။ ဒါပေမဲ့ အမေးရှိ
က အဖြေရှိရမယ်ဆိုတာလိုပဲ။ ပထမ ကာမေသုအကြောင်းကို သဘောပေါက်ရုံ ပြောပေးပါ့မယ်။
ကာမေသု ဆိုတာ ယောင်္ကျားတွေအတွက် (အဂမနီယ၀တ္ထု)မသွားလာအပ်တဲ့ မိန်းမများအားကျုးလွန်
မိရင် ကာမေသုမိစ္ဆာစာရ ဖြစ်ကြပါတယ်။ မသွားလာထိုက်တဲ့ မိန်းမ (၂၀)ရှိတယ်။ မိန်းမ(၂၀)ကိုဒီနေ
ရာမှာ မဖေါ်ပြရင်လည်း အဖြေက မပြည့်စုံပါဘူး၊ ဒါကြောင့် အကျဉ်းမျှ ဖေါ်ပြလိုက်ပါတယ်။
(၁) အမိစောင့်ရှောက်တဲ့မိန်းမ၊
(၂) အဘစောင့်ရှောက်တဲ့မိန်းမ၊
(၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊
(၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊
(၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။
ထိုမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်တယ်။
(၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊
(၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ ။
ထိုမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်တယ်။
ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုသော်လည်း သူ့
ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယ
ဖြစ်တဲ့မိန်းမကိုကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာစာထိုက်ပါတယ်။ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်
ကကာမပိုင်မှတစ်ပါးတစ်ခြားယောင်္ကျားနဲ့ကျူးလွန်မိရင်ကာမေသုထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျား
မှာလည်း ထိုက်ပါတယ်။
အခုဒီပြဿနာမှာ ပြည်ပသွားဖို့ရာ လွယ်ကူအောင် ဥပဒေလမ်းကြောင်းအရ ဟန်ဆောင် လင်မယား
အဖြစ် လက်မှတ် ထိုးထားတာလောက်ပဲ ရှိတာပါ။ သူတို့နှစ်ဦးကလည်း အချင်းချင်း လင်မယားအဖြစ် မသတ်မှတ်ကြပါဘူး။ ပြည်ပသွားခွင့်ရအောင် လင်မယားအဖြစ် ဟန်ဆောင်ထားတာပဲ ရှိတဲ့အတွက် နှစ်ဦးစလုံးဟာလွတ်လပ်တဲ့သူများ ဖြစ်ကြတယ်။ ပြည်ပရောက်တဲ့အခါ ကိုယ်ချစ်ကြိုက်တဲ့သူနဲ့တရား
ဝင် လက်ထပ်ကြပြီး သားမှတ်မှတ်၊မယားမှတ်မှတ်ပေါင်းသင်းကြရင်တော့ ကာမေသုမိစ္ဆာစာရမထိုက်
ပါဘူး။နောက်ဆုံး ကာမေသုမိစ္ဆာစာရ ထိုက်တဲ့ အင်္ဂါများကို သိထားရင်ကိုယ်ပြုလုပ်လိုက်တဲ့အခြေအ
နေအပေါ် ကာမေသု ထိုက်/မထိုက် ဆိုတာ ခွဲခြား တတ်လာမှာပါ။ အင်္ဂါများကတော့……….
(၁)မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။
(၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။
(၃) လုံ့လ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း လို့ အင်္ဂါလေးမျိုး ရှိပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်ကတစ်ပါးပါးချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး လို့ ပဲ ဖြေကြားပေးလိုက်ပါတယ်။
ဆရာတော်ဦးကောဝိဒ(မြိတ်)
*အွန်လိုင်းမှာ ချစ်သူဖြစ်ကြတာ ကာမေသုထိုက်ပါသလား*
အမေး။ ။အရှင်ဘုရား…အွန်လိုင်းပေါ်မှာ လူတစ်ယောက်နဲ့တွေ့ပါတယ်၊ မမျှော်လင့်ဘဲသူနဲ့ အွန်လိုင်း
ပေါ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ နောက်တော့ လူလွတ်တစ်ယောက်မဟုတ်ဘဲ အိမ်ထောင်နဲ့လို့
သိရပါတယ်။ တပည့်တော်မှာလဲ သမီးလေး တစ် ယောက်နဲ့ပါ။ တပည့်တော်သိချင် တာက အွန်လိုင်း
ပေါ်မှာပဲ တွေ့ကြပြီး အွန်လိုင်းပေါ်မှာပဲ ချစ်ကြိုက်ကြတာ “ကာမေသု” ထိုက်ပါသလား သိချင်ပါတယ်
ဘုရား။
မငယ်ငယ်
မော်လမြိုင်
အဖြေ။ ။မငယ်ငယ်ရေ….အွန်လိုင်းပေါ်ပဲ တွေ့ပြီးပြောကြဆိုကြချစ်သူတွေဖြစ်ကြတာအရေးမကြီးဘူး။
အပြင်မှာ လူချင်းတွေ့ပြီး ကျုးလွန်ခဲ့ကြတယ်ဆိုမှ ကာမေသု ထိုက်တာပါ။ ကာမေသု ထိုက်မထိုက်ဆို
တာကို အချက်လေးချက်နဲ့ တိုက်ဆိုင်ကြည့်ပါ ၊ အချက်လေးချက်ထဲ က တစ်ခုခုချွတ်ယွင်းနေတယ်ဆို
ရင်တော့ မထိုက်ပါဘူး၊ လေးခုစလုံးနဲ့ ညီညွတ်နေတယ်ဆိုရင်တော့ ကာမေသုထိုက်ပါတယ်။ တစ်ခ
ုတော့ ရှိပါတယ်။ နှစ်ဘက်စလုံးက အိမ်ထောင်ရှိရက်နဲ့ အွန်လိုင်းပေါ်ချစ်သူဖြစ်ကြတာဟာ ကာမေသု မထိုက်သော်လဲ ကိုယ့်ရဲ့ယောင်္ကျား ၊မိန်းမမှ တစ်ပါးတစ်ခြားယောင်္ကျား၊မိန်းမအပေါ်မှာစိတ်နဲ့ ပြစ်မှား
မိခဲ့တာတော့ သေချာနေတယ်။ ဒါဟာ ကာမေသုထိုက်ဖို့ရာ နီးစပ်လာတဲ့သဘောပဲ။
ဘုရားရှင်လက်ထက်က တစ်နေ့မှာ အသက်ကြီးတဲ့ နကုလပိတာနဲ့ ဇနီးမောင်နှံတို့ ဘုရားထံလျှောက်
ကြပါတယ်။ သူတို့ဟာ လက်ထပ်ထိမ်းမြားတဲ့အချိန်မှ အခုအချိန်အထိ သူရဲ့ဇနီးမှတစ်ပါး တစ်ခြားမိန်း
မတွေအပေါ်မှာစိတ်နဲ့တောင် မပြစ်မှားခဲ့ဘူး လို့ လျှောက်တယ်။ ဇနီးဖြစ်သူ နကုလမာတာကလဲသူလဲ
ပဲ လက်ထပ်တဲ့အချိန်ကစ အခုအချိန်ထိ ကိုယ့်လင်ယောင်္ကျားမှတစ်ပါးတစ်ခြားယောင်္ကျားတွေအပေါ်
မှာ စိတ်နဲ့တောင်မှ မပြစ်မှားခဲ့ပါဘူး လို့ ဘုရားရှင်အား လျှောက်ထားကြပါတယ်။ ဒါဟာ ဇနီးမောင်နှံ
တိုင်းအတွက် စံနမူနာယူကြရမဲ့အချက်ဆိုတာကို သတိထားစေချင်ပါတယ်။
ကာမေသုထိုက်တဲ့ အင်္ဂါလေးချက်
(၁)မသွားမလာ မဆက်ဆံကောင်းသူဖြစ်ခြင်း။
(၂)မှီဝဲလိုစိတ်ရှိခြင်း။
(၃)လုံ့လပြုခြင်း။
(၄)ပြုကျင့်မှုမှာသာယာခြင်း။
ဆရာတော်ဦးကောဝိဒ(မြိတ်)
**************************************************************************
ကျွန်တော် အထက်ပါအမေးအဖြေများကို ဆရာတော်ဦးကောဝိဒ(မြိတ်)ရေးသားတဲ့ဆိုဒ်မှာပြန်လည်
တစ်ဆင့်ကူးယူပြီးစာဖတ်သူဓမ္မမိတ်ဆွေများကိုမျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဆရာတော်ရဲ့ဆိုဒ်ကို ဒီနေရာလေး မှာသွားရောက်ဖတ်ရှု့နိုင်ပါတယ်။
သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
Copyright 2010 မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း
Theme designed by Lorelei Web Design
Blogger Templates by Blogger Template Place | supported by One-4-All
0 အကြံပြုပါသည်။:
Post a Comment