ဆုံးမစာလင်္ကာ(၂)
ကြားပိမ့်ဗိုလ်လူ၊ နားစိမ့်မူလော၊ ဆူဆူပရမေ၊ မြတ်စိန္တေတို့၊ ပဝေရှည်ကြာ၊ ရှေးဟိုခါက၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်
ကြ၍၊ များလှဝေနေ ယျအထွေကို၊ အောင်မြေဘုံစံ၊ နန်းနိဗ္ဗာန်သို့၊ အမြန် ရောက်အောင်၊ မဂ္ဂင် ဖောင်ဖြင့်၊
ပို့ဆောင်ချဉ်းမည်၊ တရားစည်ကို၊ဆော်ချိမ့်ချိမ့်၊ တသိမ့်သိမ့်နှင့်၊ ငြိမ့်ငြိမ့်လှိုက်ဆူ၊ခေါ်တော်မူ၍၊ရှင်လူခပဲ၊ သောက်သောက်လဲမျှ၊ကျွတ်ပွဲတော်ကြီး၊ခံကြပြီးပြီ၊ရူးတိရူးကာ၊နင်တို့မှာမူ၊၀ါသနာငြောင့်၊အာသာမှောင့်၍၊ မဖြောင့်အယူ၊စိတ်မဖြူဘဲ၊အမူငြစ်ကူ၊နင့်မှာစု၍၊ငါးခုအာရုံ၊ မစင်ပုံကို၊ခုံမင်မက်မူး၊လောက်နှယ်ရူးလျက်၊ ဟစ်ကြူးကြွေးကြော်၊မြတ်ရှင်တော်တို့၊ခေါ်ပါတုံငြား၊မလိုက်အားဘဲ၊ရှည်လျားသံသာ၊ ခုတိုင်ကြာပြီ၊ တိုက် တာ မိုးမြေ၊ စိန်ရွေငွေနှင့်၊ခြွေရွေသင်းစု၊ဘယ်တစ်ခုမျှ၊ပျက်မှုနှင့်ဆိုင်၊နင်မပိုင်ဘူး၊ အခိုင်အမာ၊တစ်ငါငါနှင့်၊ ရှည်ကြာစွဲဆို၊ နင်၏ကိုယ်လည်း၊ နင်လိုရာရာ၊မလိုက်ပါဘဲ၊ဘာသာ ရောက်ရား၊သဘောအားဖြင့်၊ လေးပါး ကြောင်းအင်၊ ပြုစုစီရင်သော်၊ ဖြစ်ချင်တတ်တိုင်း၊ ပျက်ချင်တိုင်းပင်၊ မဆိုင်းပုံသေ၊  ဖြစ်ပျက်ချေ၏။သုံးထွေ သာသနာ၊ထွန်းခိုက်ခါဝယ်၊သမ္ဘာမြင့်မောက်၊ကံကောင်းထောက်၍၊တစ်ယောက်ထူးလည်၊ဖြစ်ပေသည်ဟု၊ အတည် နှလုံး၊ စွဲယူသုံးမှ၊ မြင့်ဆုံးမြင့်လှ၊ ဤဘ၀၀ယ်၊ ဒုက္ခ နယ်တွင်း၊  ကျွန်စာရင်းမှ၊  လွတ်ကင်းဖို့ငှာ၊ လေးသစ္စာကို၊ ယထာဘူတ၊သိထိုက်လှပြီ၊ခေတ်မှာလွဲ သွေ၊ဖြစ်ရချေသော်၊လေးထွေပါယ်ထဲ၊နှောင်ကြိုး
တဲ၍၊ မြုပ်မြဲမြုပ်အောင်၊နင့်ကိုဆောင်လိမ့်၊အမှောင် ကိုလေ၊မိုက်ကင်းတွေကို၊စစ်မြေအလား၊ခန္ဓာငါး၌၊ သုံးပါးလက္ခဏ၊မှတ်တိုင်ထူ၍၊ငါးဆူဗိုလ်မင်း၊ဘော်တစ်သင်းနှင့်၊စစ်ခင်းပြီးသော်၊ အောင်စည်ဆော်လျက်၊ မြို့တော်ဝင်ရန်၊တိပဌာန်ဟု၊လေးတန်တံခါး၊ဖွင့်သောအားဖြင့်၊ရှစ်ပါးမဂ္ဂင်၊စလွယ်ဆင်၍၊ပလ္လင်သဖွယ်၊
ဖိုလ်လေးသွယ်၌၊ စံပယ်နိုင်မှ၊ ချမ်းသာရ၍၊ဒုက္ခနင့်မှာ၊ ငြိမ်လိမ့်သာတည်း ၊ တဏှာဘုရင်၊ နင့်သခင်၏၊ လိုအင်လိုက်လျော၊မိုက်သဘောနှင့်၊မိုက်ဇောရေတွေ၊ မွန်း၍နေသော်၊ လှိုင်းလေပြင်းပြ၊ ပင်လယ်ဝ၌၊ မျောရမည်မှာ၊မလွဲရာသည်၊သစ္စာမြင်မှ၊ထင်မြင်တည်း။
သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 အကြံပြုပါသည်။:

စာရေးဖော်ဓမ္မမိတ်ဆွေများ

စာရေးဖော်မိတ်ဆွေများ(သုတ၊ရသ)

အမှတ်တရအကြံပြုချက်လေးများရေးသားခဲ့ရန်


ဘိက္ခုနီဝိနိစ္ဆယစာတမ်း

ယုံမှတ်လို့ပုံအပ်မိသူများ

နေ့စဉ်ရေးသားတရားတော်အသစ်များ

နေ့စဉ်ရေးသားတရားတော်အသစ်များ
ဒီနေရာလေးကိုကလစ်ပြီးသွားရောက်နိုင်ပါသည်...

မြန်အောင်မိသားစုများဆုံဆည်းရာ

မြန်အောင်မိသားစုများဆုံဆည်းရာ
ဒီနေရာလေးမှာကလစ်ပြီးသွားရောက်နိုင်ပါသည်။

Blog Archive

Search this blog

Loading...