မိုးကုတ်ဆရာတော်ဘုရားကြီးကိုယ်တိုင်စီရင်ရေးသားတော်မူသောပုထုဇ္ဖနအလင်းပြကျမ်းမှတပည့်
ဝေနေယျတို့အားဆုံးမထားသောသြ၀ါဒဆုံးမလင်္ကာ(၂)ပုဒ်မှပထမတစ်ပိုဒ်ကိုရှေးဦးစွာဖော်ပြလိုက်
ပါသည်။
ဆုံးမစာလင်္ကာ(၁)
ဆိုပိမ့်မှန်ရာ၊ ကျမ်းဂန်လာဖြင့် ၊ဥာဏ်မှာစိုက်ဆူး ၊ဆင်ခြင်ဦးလော့၊ရှည်ကြူးသို့စဉ်၊သံသာခွင်၌၊အ
မြင်ဘောက်ယွင်း၊ မိုးမလင်း၍၊မြိုက်ခင်းညာစီ၊ ခါတော်မီအောင်၊ ဝေသီနိုင်ဘဲ၊သြဃ၀ဲ၌၊ထပ်တလဲသုံ
သုံ၊နေ့ရက်ကုန်၍၊ဆန်စုံမျောလပ်၊ တောမသတ်သည့်၊ ရဟတ်ဗွေချာ၊ကြောက်ဖွယ်ရာတည်း၊ငါးဖြာ
စုံညီ၊ ဒုလ္လဘီဟု၊ ကြုံမှီခေတ်တွင်း၊ စက်ဆုံကျင်းသား၊ မှန်းကင်းစိုက်ထူ၊ လူထက်လူဟု၊ ဇဗ္ဗူသောင်း
ခေတ်၊ကောင်းစွာဖြစ်လည်း၊အနှစ်မဲ့သော၊အကာတောဝယ်၊ဗျာမောဝင့်ကျယ်၊တနွယ်နွယ်လျှင်၊ အကယ်သို့ပင်၊ဟုတ်နိုးထင်လျက်၊ အမြင်မဖြောင့်၊အညင်ထောင့်၍၊ မှောင်ထက်သာမှောင် ၊မိုးတိမ်
တောင်နှင့်၊သန်းခေါင်လမိုက်၊မီးသွေးတိုက်ဝယ်၊အလိုက်ဘာသာ၊၀ါသနာဖြင့်၊ဟုတ်ရာစေ့စေ့၊မြင်မ
မွေ့ဘဲ၊ထင်သရွေ့နှင့်သာ၊အလေ့ရှာ၏၊အခါနာရီ၊ရွေ့ရွေ့ချီသား၊တိထီဆန်းဆုတ်၊အတွင်းချုပ်လျှက်၊
သုတ်သုတ်ရက်ရေ၊နားမနေဘဲ၊ မသွေနှိပ်စက်၊ ဇရာလက်တွင်၊ အသက်ကုန်ဆုံး၊ ပျက်ပြိုကုန်း၏၊သုံး
လောကဓာတ်၊ကြွင်းမလပ်ဘဲ၊ သူသတ်အချွံ၊ လက်မရွံကို၊ သတ်ခွန်ပဏ္ဍာ၊သွင်းဖို့ရာတွင်၊ခန္ဓာရုံကြီး၊
မြုံပြတည်းက၊အငြီးဖြေကာ၊စားအစာနှင့်၊မကွာနေ့ည၊စောင့်ရှာကြ၏။မိုက်စလူလူ၊သို့ပါမူလည်း၊ ပူနွယ်ဆွေးနွယ်၊ ရေးခွင်ကျယ်ကို၊ အေးဖွယ်ထင်မှတ်၊ အစဉ်ငတ်၍၊ မလတ်အာသာ၊ထပ်ခါခါလျှင်၊တ
ဏှာစွဲထုံ၊ ယစ်မူးဟုန်ဖြင့်၊ အာရုံဓမ္မ ၊ပြာပုံမွနှိုက်၊ ရသရှာယူ၊ ပမာမူသော်၊ရွာသူတို့ဝက်၊ဆူတိုင်းခက်
သား၊ကြောက်မက်ဖွယ်ပင်၊ကြောင်ကြောင်မြင်လည်း ၊ရွင်နိုင်လေအား ၊၀က်အလားသို့၊ ထောင်လွား
ခက်ထန်၊ရမ္မက်လျှံ၍၊ ခြွေရံသင်းပင်း၊ကိုယ်နွံတွင်းမှာ၊ကိုယ်မင်းဟုပင်၊နင့်စိတ်ထင်၏၊လေးအင်သစွာ၊
နက်နဲစွာကို၊ဥာဏ်မှာဖောက်ထွင်း၊ပေါ်မလင်းအောင်၊ဖော်သင်းရံရွေ၊မိတ်သင်တွေနှင့်မကွေစပ်ရှက်၊ မာလောခက်သို့၊ ခင်မက်ဖွယ်ပုံ၊ အရံစုံကို၊ အကုန်ပိုက်ခြား၊ ဟုတ်ယောင်ကားနှင့်တရားမဆန်၊တက်
ကြွားဂုဏ်မာန်၊ ပုံဟန်ပန်ဖြင့်၊ ပေါ်ရန်ဗန်းပြ၊ ဖုံးရှာကြ၏၊ အတ္တစွဲရာ၊ နင့်ခန္ဓာလည်း၊ မကြာပျက်ကြေ၊
ထုံးပြာမြေနှင့်၊မိတ်ဆွေစစ်စစ်၊ဧကန်ဖြစ်၏၊ အားသစ်ကုတ်သော်၊ ကြိုးပါသော်လည်း၊ မပေါ်စွန်းမြတ်၊
ကျိုးမနပ်ဘဲ၊ ကပ်ပေါင်းသင်္ချေ၊ရှုံးခဲ့လေပြီ၊မရေမရာ၊တငါငါနှင့်၊ရှည်ကြာစွဲသုံး၊ငါတစ်လုံးက၊အနှုန်းမ
ဖွယ်၊လွန်သေးငယ်လျက်၊သုံးသွယ်မြုံသိုက်၊ဘုံတလှိုက်ဝယ်၊ ကုန်ရိုက်ဆူညံ၊မြူမချန်ဘဲ၊ပူလျှံတောက်
ညီး၊အသေမီးက၊အပြီးကုန်စင်၊ဘုံတစ်ခွင်ကို၊တွင်တွင်လောင်မြိုက်၊ အပြောင်တိုက်လျက်၊ အမှိုက်ဝဋ္ဋ်
နွယ်၊သဲသဲကြွယ်လည်း ၊ တကယ်မလောက်၊သူသာမောက်၍၊နောက်နောက်ကမ္ဘာ၊ဖန်ဖန်လာလည်း၊
အစာတစ်ခု၊သူ့ထံစု၍၊ဗိုလ်တုပုံယင်၊အကုန်ငင်သား၊သင်္ခတမှန်၊ရုပ်နှင့်နာမ်ကို၊၀န်းရံပိတ်ဆီး၊မှောင်
ထုကြီးကြောင့်၊မီးဆယ့်တစ်ဖြာ၊ဘယ်သောအခါဝယ်၊လောင်စာသိမ်း၍ငြိမ်းမည်နည်း။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကျန်းမာချမ်းသာကြပါစေ။
Copyright 2010 မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း
Theme designed by Lorelei Web Design
Blogger Templates by Blogger Template Place | supported by One-4-All
0 အကြံပြုပါသည်။:
Post a Comment