ကျေးဇူးတော်ရှင်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ိမလ မဟာထေရ်မြတ်
မိုးကုတ်ဆရာတော်ဘုရားကြီး၏
သြ၀ါဒများ
* ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည်။
* အသေမဦးမီ၊ ဥာဏ်ဦးစီးပြီး ၀ိပဿနာတရား အားထုတ်ပါ။
* ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစားအချိန်တွေမဖြုန်းပါနဲ့။
* ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
* မနေ့ကထက်ကနေ့ သေဖို့ တစ်ရက်နီးသွားပြီ။
* အပြေးမရပ်တဲ့ ခန္ဓာကိုယ်၊ သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။
* ခန္ဓာ၏၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
* ကိစ္စဟူသရွေ့၊ မဂ်တား-ဖိုလ်တားလို့ မှတ်ပါ။
* တဏှာလောဘခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။
* တရားနာနေတဲ့အချိန်ဟာ၊ မတရားအလုပ် မလုပ်တဲ့အချိန်ပဲ။
* နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးသာဖြစ်တယ်။
* ရက်ရာဇာ၊ ပြဿဒါးရွေးမနေနဲ့၊သူတော်ကောင်းအလုပ်လုပ်နေတဲ့အချိန်ဟာမင်္ဂလာအချိန်လို့မှတ်ပါ။
* သာသနာနဲ့ ကြုံမှ၊ သစ္စာလေးပါး ထွက်မြောက်ရေးတရားပေါ်မယ်။
* သစ္စာတရားကို နာမှသိမယ်။ သိမှ ကျင့်မယ်။
* နားက တရားကိုနာပါ၊ ဥာဏ်က ခန္ဓာကို လှည့်ပါ။
သတ္တ၀ါအားလုံးကျန်းမာချမ်းသာပါစေ။

2 အကြံပြုပါသည်။:

  1. အနမ်း

    သြ၀ါဒစကားများ မျှဝေပေးတဲ့အတွက်ကျေးဇူးပါတောသား လေးရေ။ မှတ်သားနိုင်ဖို့ ကူးယူသွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

    1/08/2010 11:08 AM
  2. ရွှေပြည်သူ

    မောင်လေးတောသားရေ... အဖိုးတန် သြဝါဒတွေကို ပြန်ဖတ်ရတဲ့အခါ တစ်ခါပြန်ပြီး နှလုံးသွင်းဖြစ်ပြန်လို့ ကျေးဇူးအရမ်းတင်ပါတယ်။

    1/13/2010 5:06 AM

စာရေးဖော်ဓမ္မမိတ်ဆွေများ

စာရေးဖော်မိတ်ဆွေများ(သုတ၊ရသ)

အမှတ်တရအကြံပြုချက်လေးများရေးသားခဲ့ရန်


ဘိက္ခုနီဝိနိစ္ဆယစာတမ်း

ယုံမှတ်လို့ပုံအပ်မိသူများ

နေ့စဉ်ရေးသားတရားတော်အသစ်များ

နေ့စဉ်ရေးသားတရားတော်အသစ်များ
ဒီနေရာလေးကိုကလစ်ပြီးသွားရောက်နိုင်ပါသည်...

မြန်အောင်မိသားစုများဆုံဆည်းရာ

မြန်အောင်မိသားစုများဆုံဆည်းရာ
ဒီနေရာလေးမှာကလစ်ပြီးသွားရောက်နိုင်ပါသည်။

Blog Archive

Search this blog

Loading...