တိပိဋ္ဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရဘိဝံသက မြန်မာပြည်
အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ကြို့ပင်ကောက်မြို့တွင် ၁၃၃၉-ခုနှစ် နယုန်လပြည့်ကျော် (၁၃)
ရက်(၁၉၉၇-ခုဇွန်လ(၁၃)ရက်တနင်္လာနေ့တွင်မလွန်ဆန်လှူအသင်းရေစက်ချတရားဟောကြားရာ
တရားပွဲကြီးစတင်တော့ပရိတ်သတ်များပြားသည်ကိုကြည့် ပြီး ဆရာတော်ကြီးကဤသို့တရားတော်
ကိုနိဒါန်းချီတော်မူခဲ့ပါသည်။
ဘုန်းကြီးရဲ့တရားပွဲတိုင်းမှာ တရားနာပရိတ်သတ်တွေက များပြားလေ့ရှိပါတယ်၊အခုလဲပြည့်လျှံလို့၊
ကြပ်ညပ်လို့ များပြားလှပါတယ်။ကြက်ပျံမကျ စည်ကားလှပါတယ်၊သို့သော် တရားနာပရိတ်သတ်က
အကြိုက်(၅)မျိုးရှိကြပါတယ်။အင်္ဂုတ္တိုရ်ပါဠိတော်၊ပဉ္စကနိပါတ်မှာအတိအကျဟောထားတာဘဲ။
ဘယ်သူတွေလဲဆိုတော့-
(၁) သဒ္ဒပသန္နပရိတ်သတ်
(၂) ရူပပသန္နပရိသတ်
(၃) ဂုဏပသန္နပရိသတ်
(၄) လူခပသန္နပရိတ်သတ်
(၅) ဓမ္မပသန္နပရိတ်သတ်
-အဲဒီအထဲက သဒ္ဒပသန္န ဆိုတာ အသံကောင်းတာကိုမှကြည်ညိုတာ၊ အဲဒီလိုပ ရိသတ်ကလဲရှိသေး
တယ်၊အသံအနေအထား၊အလှဲ့ အပဲ့ကောင်းကိုမှကြည်ညိုတဲ့ပရိသတ်ပေါ့လေ၊မဂ်ဖိုလ်နိဗ္ဗာန်တော့မ
ရနိုင်ပါဘူး။
-ရူပသန္နဆိုတာရုပ်ရေအဆင်းကိုကြည်ညိုတာ၊ဓမ္မကထိကကိုယ်တော်ကရုပ်ဆင်းအင်္ဂါဥပဓိရှိတာကို
ကြည်ညိုတဲ့ပရိသတ်၊သူလဲမဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ပါဘူး။
-ဂုဏပသန္န ဆိုတာဂုဏ်ပုဒ်ကိုကြည်ညိုတာ၊ဂုဏ်ရှိတဲ့ဓမ္မကထိကကိုမှကြည်ညိုတာ၊ဘုန်းကြီးကိုပဲဆို
ကြပါစို့“ဒီဘုန်းကြီးက တိပိဋ္ဋကဓရတဲ့၊ အင်မတန်ဂုဏ်ရှိတယ်၊ မင်းစိုးရာဇာတွေကတောင်ကိုးကွယ်
တာ၊တိပိဋ္ဋကဓရ ပုဂ္ဂိုလ်ဆိုတာ အင်မတန်မှရှားတယ်မဟုတ်လားဆိုပြီး” ကြည်ညိုတဲ့ပရိသတ်၊ဒီပရိ
သတ်မျိုးလဲမဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ပါဘူး။
-လူခပသန္နဆိုတာခေါင်းခေါင်းပါးပါးအကျင့်ရှိသူ၊ခြိုးခြိုးခြံခြံအကျင့်ရှိသူကိုမှရွေးပြီးကြည်ညိုတာ၊အဲဒီ
ပရိသတ်မျိုးလဲမဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ပါဘူး။
-ဓမ္မပသန္နဆိုတာတရားဓမ္မသက်သက်ကိုကြည်ညိုတာ၊အဲဒါမျိုးကျတော့အသံကိုလဲပဓာနမထား၊ရုပ်
ဆင်း ဥပဓိကိုလဲမကြည့်၊ ဂုဏ်ကိုလဲမငဲ့၊ခေါင်းခေါင်းပါးပါးအကျင့်ကိုလဲဂရုမစိုက်၊ ဓမ္မသက်သက်ကို
သာ(နိဗ္ဗာန်အရောက်ပို့နိုင်တဲ့ ဓမ္မသက်သက်ကိုသာ)ကြည်ညိုတဲ့ ပရိသတ်မျိုး၊ အဲဒီပရိသတ်မျိုးသာ
လျှင်ဒီဘမှာတရားထူးရနိုင်တယ်တဲ့။
အင်္ဂုတ္တိုရ်ပါဠိတော်၊ပဉ္စက။
အဲဒီ ဓမ္မပသန္န ပရိသတ်ဆိုတာကတော့ ဦးရေနည်းပါးလှပါတယ်၊အခုခေတ်ဥပမာပြရမယ်ဆိုရင် မိုး
ကုတ်တရားနာပရိသတ်တို့ကိုပြရမှာပဲ။အမရပူရမြို့၊မင်္ဂလာတိုက်ဟောင်း၊မိုးကုတ်ဆရာတော်ဘုရား
ကြီးဦးဝိမလ၊အဲဒီဆရာတော်ဘုရားကြီးဟောပြတဲ့ ဓမ္မတို့ကတော့အလွန်အင်မတန်မှပီသလှပါတယ်၊
တစ်ထိုင်တည်းနဲ့ နိဗ္ဗာန်အရောက် ဦးတည် ပို့ပေးနိုင်တဲ့ တရားတော်များ လဲဖြစ်ပါတယ်၊အဲဒီတရား
တော်များကိုကြည်ညိုတဲ့ပရိသတ်မျိုးမှပဲ ဓမ္မပသန္န ပရိသတ်မျိုးလို့ ချီးကျူးကြရမှာပဲ။
ပြီးတော“မိုးကုတ်ဆရာတော်ဘုရားကြီးဦးဝိမလဟောတဲ့တရားတော်များကလဲဘုန်းကြီးတို့ရဲ့ခေါင်း
ပေါ်(၂)တောင်လောက်ကကျော်ပြီးသွားတဲ့ တရားများ...”
ဤသို့လျှင်နှုတ်တော်ကထုတ်ဖော်မိန့်ဟရင်းလက်တော်ကလည်းဦးခေါင်းပေါ်ရောက်အောင်ထောင်
ပြတော်မူပါသည်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ (တစ်ဘ၀သာသနာစာအုပ်မှ) ပြန်လည်ကောက်နုက်ဖော်ပြအပ်ပါ
သည်။
သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 အကြံပြုပါသည်။:

စာရေးဖော်ဓမ္မမိတ်ဆွေများ

စာရေးဖော်မိတ်ဆွေများ(သုတ၊ရသ)

အမှတ်တရအကြံပြုချက်လေးများရေးသားခဲ့ရန်


ဘိက္ခုနီဝိနိစ္ဆယစာတမ်း

ယုံမှတ်လို့ပုံအပ်မိသူများ

နေ့စဉ်ရေးသားတရားတော်အသစ်များ

နေ့စဉ်ရေးသားတရားတော်အသစ်များ
ဒီနေရာလေးကိုကလစ်ပြီးသွားရောက်နိုင်ပါသည်...

မြန်အောင်မိသားစုများဆုံဆည်းရာ

မြန်အောင်မိသားစုများဆုံဆည်းရာ
ဒီနေရာလေးမှာကလစ်ပြီးသွားရောက်နိုင်ပါသည်။

Blog Archive

Search this blog

Loading...