ဆရာတော်အရှင်ဆန္ဒာဓိကရေးသားသောစိတ်အားဖြည့်ဓမ္မရွက်နုစာအုပ်လေးမှကောက်နုက်
ပြီးပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
*အားမှသေမှာလား၊သေမှအားမှာလား*
ကမ္ဘာပေါ်မှာနေ့စဉ်နဲ့အမျှ
လူတွေမရေတွက်နိုင်အောင်
သေနေကြတာ၊
အားလို့သေတဲ့မသာတစ်ယောက်မှမရှိပါဘူး။
မအားတဲ့ကြားထဲက
သေသွားကြတဲ့မသာတွေချည်းပါပဲ။
သေမင်းကသူခေါ်ချိန်တန်ရင
အားတဲ့သူကိုလည်းခေါ်မှာပါ၊
မအားတဲ့သူကိုလည်းခေါ်မှာပါ၊
သေမင်းမှာတပည့်မွေးပြီး
လူရွေးတဲ့မူမရှိပါဘူး။
ဒီတော့မအားတဲ့ကြားထဲက
သေမင်းလာခေါ်ရင်
အချိန်မရွေးလိုက်သွားရမှာပဲ
ဆိုတာကိုကြိုတင်ပြီးတော့
နှလုံးသွင်းဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့
တရားဓမ္မကို
မျက်နှာလွဲတဲ့အဖြစ်ကို
ရောက်မှာမဟုတ်တော့ပါဘူး။
အရှင်ဆန္ဒာဓိက(စိတ်အားဖြည့်ဓမ္မရွက်နု)
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်း ဆရာတော်၏ အဆုံးအမလေးကိုဖတ်ပြီးသတိတရား
လေးများဆင်ခြင်ပွားများနိုင်ကြပါစေ။













2 အကြံပြုပါသည်။:
တရားဓမ္မအားထုတ်တဲ့အခါ အားလည်း လုပ်၊ မအားလည်း လုပ်ရမှာပဲနော်။ ဘယ်အချိန်မှ လုပ်ရမယ်လို့ အချိန်ကန့်သတ်ထားတာရယ် မရှိဘူး။ နောက်ဆုံးတော့ သေခြင်းတရားကို ဘယ်သူမှ မျက်ကွယ်ပြုလို့မရတော့ဘူးရယ်...
မအားလို့ တရားအလုပ်မလုပ်နိုင်သေးဘူးဆိုတာ ဆင်ခြေတစ်မျိုးပါပဲ တောသားလေးရေ။ ခုလို ဆရာတော် ရဲ့ ဟောကြားချက်လေးကို ပိုစ့်တင်ပေးလို့  အသိပိုရစေတာမို့ ကျေးဇူးလည်းတင်ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
Post a Comment