ကျွန်တော်သည် သီတင်းကျွတ်လပြည့်နေကဆရာတော် အရှင်သာဓိန(ဘုံဘေ)ဟောကြားတော်မူခဲ့
သောတရားတော်ကိုနာကြားပြီးဒီပို့စ်လေးကို ရေးချင်စိတ်ဖြစ်ပေါ်လာသဖြင့်ရေးသားလိုက်ရခြင်းဖြစ်
ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည်အမှန်တကယ် ထေရ၀ါဒဗုဒ္ဓဘာ
သာဝင်များဟုတ်ကြရဲ့လား။မိဘမျိုးရိုးစဉ်ဆက်က ကိုးကွယ်ခဲ့သောကြောင့်ကိုးကွယ်နေတာလားဆို
တာကိုပြန်လည်ဆန်းစစ်ကြည့်ကြရအောင်။ထေရ၀ါဒဗုဒ္ဓဘာသာ ၀င်တွေရဲ့ကိုးကွယ်ရာ အမှန်ကဘု
ရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးနဲ့ မိဘ၊ ဆရာသမားတွေကိုသာဖြစ်ပါတယ်။သရဏဂုံသုံးပါးကို
တည်မြဲရမှာဖြစ်ပါတယ်။
ယခုတော့ကျွန်တော်တို့တွေကပါးစပ်ကဗုဒ္ဓဘာသာဆိုပြီးအိမ်မှာကိုးကွယ်နေကြလိုက်တာစုံနေတာ
ဘဲဗျာ။ဘုရားကျောင်းဆောင်မှာဘိုးတော်တွေ၊မယ်တော်တွေ၊ပွဲတွေနဲ့။အိမ်တွင်းမှာလည်းငှက်ပျောပွဲ၊
အုန်းပွဲတွေနဲ့စုံနေတာဘဲ။မြန်မာနိုင်ငံ တောင်ပြုန်းပွဲဆိုလည်း လူတွေကိုကြိတ်ကြိတ်တိုးပြီးပူဇော်ပသ
နေလိုက်ကြတာ။မိမိတို့ကိုးကွယ်နေကြတဲ့နတ်တွေရဲ့နောက်ကြောင်းရာဇ၀င်တွေကိုလည်းလေ့လာ
ကြည့်လိုက်ကြပါအုံးဗျာ။
ဘုရားဒကာ၊ကျောင်းဒကာလို့ဆိုနေကြတဲ့ကိုကြီးကျော်ဆိုတာအရက်သောက်၊ဖဲရိုက်နေတာဘယ်လို
လုပ်ပြီးငါးပါးသီလလုံမလဲဗျာ။ဦးရှင်ကြီးဆိုတာလည်းသစ်ခုတ်သွားရင်းကျွန်းမှာအစိမ်းသေလို့နတ်ဖြစ်
နေတာ။ဒီနေ့တောင်ပြုံးပွဲတော်မှာသွားပြီးပူဇော်ပသနေကြတဲ့ရွေဖျင်းကြီး၊ရွေဖျင်းလေးညီနောင်တို့
ကလည်းဘုရားတည်ရာမှာ အမူးလွန်နေ၍ အုတ်နှစ်ချပ်လွတ်နေသောကြောင့် အပြစ်ဒဏ်ပေးခံရပြီး
သေဆုံး သွားရသူတွေဖြစ်ပါတယ်။အိမ်တွင်းနတ်ဖြစ်တဲ့ မောင်တင့်တယ် တို့ကိုလည်း သူတို့ကို ကိုး
ကွယ်ရင်မီးမလောင်ဘူးဆိုပြီးကိုးကွယ်နေလိုက်ကြတာသူတို့ကိုယ်တိုင်ရောမီးလောင်ပြီးသေသွားကြ
တာတွေဖြစ်ပါတယ်။ယခုမြန်မာမှာပိဋ္ဋိကတ်သုံးပုံကိုစောင့်တယ်နတ်သမီးလို့ပြောနေတဲ့သူရဿတီ
မယ်တော် အကြောင်းကိုရောသိကြရဲ့လား။ပိဋ္ဋကတ်သုံးပုံ ကိုစောင့်တာ သံဃာတော်တွေသာဖြစ်ပါ
တယ်။အမှန်တော့ သူရဿတီ မယ်တော်ဟာ အိန္ဒိယမှာ ဗေဒင်သုံးပုံကို စောင့်တာပါ။မြန်မာပြည်
ရောက်တော့ထေရ၀ါဒမှာ ဗေဒင်သုံးပုံမရှိတာနဲ့ ဗေဒင်စောင့်တဲ့ နတ်သမီးကပိဋ္ဋကတ်သုံးပုံစောင့်
တဲ့နတ်သမီးဖြစ်သွားရော။တကယ်တမ်းသာသနာကိုစောင့်ရှောက်နေတဲ့ရဟန်း၊သံဃာ၊ကိုရင်လေး
တွေကဘယ်ရောက်ကုန်တာလဲဗျာ။သူအိန္ဒိယမှလာတုန်းကဘဲရုပ်စီးတာ၊မြန်မာလည်းရောက်ရောမြန်
မာတွေကအလှအပကြိုက်တော့ဘဲကနေဟင်္သာစီးတာဖြစ်သွားပါတယ်။စာမေးပွဲအောင်ချင်ရင်၊စီးပွား
တိုးတက်ချင်ရင်သူတို့ကိုကိုးကွယ်ပူဇော်ရတယ်တဲ့။တကယ်တော့ကိုယ်လုပ်မှကိုယ်ရမှာဖြစ်ပါတယ်။
အဲဒီအယုံအကြည်တွေ တစ်ယူသန်စွဲပြီး ကိုးကွယ်နေကြရင် အချောင်သမားတွေအတွက်တော့စီးပွား
ဖြစ်သွားတာပေါ့။ဘယ်သူကိုမှ ထိခိုက် နစ်နာစေချင်လို့ ပြောတာမဟုတ်ပါဘူးဗျာ။အမှန်တွေကိုလေ့
လာပြီးကိုးကွယ်ပူဇော်နိုင်အောင်လို့ပါ။
ဘုရား၊တရား၊သံဃာတော် တွေကိုကိုးကွယ်ပါ၏လို့ဆိုနေပြီးဘိုးတော်၊နတ်၊၀ိဇ္ဇာ၊(၃၇)မင်းတွေကိုကိုး
ကွယ်နေရင်သရဏဂုံညှိုးနွမ်းသွားမည်ဖြစ်ပါတယ်။သရဏဂုံညှိုးပြီးရင်သေသွားမှာဖြစ်ပါတယ်။သရဏ
ဂုံသေသွားရင်ဗုဒ္ဓဘာသာဝင်မဟုတ်တော့ပါဘူး။
ကျွန်တော်တို့ကိုးကွယ်နေတဲ့ မြတ်စွာဘုရားရှင်ကလည်း ငါ့ကိုကိုးကွယ်ကြ၊ ပူဇော်ကြ၊ပသကြ၊မကိုး
ကွယ်၊မပူဇော်ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီးကြောက်အောင်လည်းမခြောက်လှန်ခဲ့ပါဘူး။
သရဏဂုံသုံးပါးတည်မြဲပြီးငါးပါးသီလလုံခြုံနေတဲ့ ဗုဒ္ဓဘာသာဝင်တွေကအဲဒီလိုမလုံခြုံတဲ့သူတွေကိုရှိ
ခိုးနေကြတာမသင့်တော်ပါဘူး။ဝိပဿနာတရား ပွားများအားထုတ်နေသူများ၊သီလတရားနှင့်ပြည့်စုံ
သူများ၊မိဘဆွေမျိုး ဇနီးမယား သားသမီးတွေကိုကောင်းစွာပြုစု လုပ်ကျွေးနေသောသူများကိုသိကြား
မင်းတောင်ရှိခိုးရတယ်ဟု“သဂါဏ၀ဂ္ဂသံယုတ်ပါဋ္ဌိတော်”တွင်မာတလိနတ်သားကိုရှင်းပြခဲ့ပါသည်။
အမှန်တကယ်တော့ သိကြားမင်းကို စတုမဟာရာဇ်နတ်မင်းကြီး(၄)ပါးကကန်တော့ရပြီး ထိုနတ်မင်း
ကြီး(၄)ပါးအားအတွင်း၊အပြင်(၃၇)မင်းနတ်များကပူဇော်ကန်တော့ရပါသည်။ထို့ကြောင့်သိကြားမင်း
တောင်ရှိခိုးထိုက်သူများကိုထိုနတ်များကသာရှိခိုးပူဇော်ရမည်ဖြစ်ပါသည်။တကယ်တော့သူတို့ကိုကိုး
ကွယ်ရာမှာမဟုတ်ဘူး။သူတို့တွေကိုမေတ္တာပို့အမျှဝေပေးရမှာဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကိုးကွယ်ရာအမှန်ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်ပါစေ။

3 အကြံပြုပါသည်။:

  1. Waing

    အခုမှပဲ နတ်တွေအကြောင်း အပြည့်အစုံသိရတော့တယ် အခုအချိန်ထိတော့ နတ်ကိုးကွယ်မှုတွေကတော့ ရှိတုန်းပဲလေ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ကြိုးစားရပါဦးမယ်

    11/19/2009 7:19 AM
  2. အနမ်း

    တောသားလေးရေ...ဗုဒ္ဓဘာသာလူမျိုးတွေအတွက် သိသင့်သိထိုက်တဲ့ပိုစ့်ကောင်းတစ်ပုဒ်ပါပဲ။ ဆရာတော် ဥူးသုမင်္ဂလလည်း အဲဒီအကြောင်းဟောကြားထားသေး တာကိုနားကြားဖူးပါတယ်။

    11/24/2009 8:08 AM
  3. flowerpoem

    ပြန်လည်ဆန်းစစ်ကြည့်ဖို့ တကယ်လိုပါတယ် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ တကယ်ကြိုးစားရမှာပါ

    12/05/2009 12:07 PM

စာရေးဖော်ဓမ္မမိတ်ဆွေများ

စာရေးဖော်မိတ်ဆွေများ(သုတ၊ရသ)

  • Nice Wallpapers - အရမ်းကို လှတဲ့ Wallpaper လေးတွေပါ။ ကြိုက်တဲ့သူတော့ ကြိုက်မှာပေါ့။ ကျွန်တော်ကတော့ တင်ပြီးတာနဲ့  ဖျက်ပစ်လိုက်ပါပြီ။ Download: http://www.mediafire.com/?mj...
    13 hours ago
  • ငြိမ်နေရခြင်းအကြောင်း - စာက ရေးလက်စ မရှိတော့ရင် တစ်ကယ်ဘယ်က စရမှန်း မသိတော့လောက်အောင်ဖြစ်ရပါတယ်။ အခုလည်း “ငြိမ်နေရခြင်းအကြောင်း” လို့ ခေါင်းစဉ်တပ်ပြီး ထိုင်နေတာ ၁၀မိနစ်ခန့်ရှိသွားပ...
    15 hours ago
  • ဘ၀ ဆင်းရဲ၊ ချမ်းသာတာ - ဘ၀ ဆင်းရဲတာ စိတ်မကောင်းလို့ တရားအားလုံးရဲ့ ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။ တရားအားလုံးရဲ့ အကြီး အမှုးဟာ စိတ်ပါ။ တရားအားလုံးဟာ စိတ်ကြောင့်ပဲ ပြီးစီးးရပါတယ်။ ပ...
    18 hours ago
  • ဘဝနဲ့ ယောက်သွား - ငယ်ငယ်တုန်းက အမေဝယ်ခဲ့တဲ့"ယောက်သွား"တွေ ကောင်းမကောင်း စစ်ဆေးရွေးချယ်ရတဲ့အလုပ်ကို ကျွန်မအရမ်းနှစ်သက်ခဲ့တယ်။ အပြင်ပန်းလှပြီး အထဲပုပ်တဲ့ယောက်သွား တစ်ကောင်တေ...
    19 hours ago
  • Return Of MMGenius - Myanmar Genius Forum နဲ့ MMGenius Blog Service သို့လာရောက်လည်ပတ် ကာ Member ၀င်ခြင်း၊ Blog များပြုလုပ်ခြင်းများ ပြုလုပ်ကြဖို့ ကျွန်တော်လေးစားစွာ ဖိတ်ခေါ်အပ်ပ...
    22 hours ago
  • နှင်းမှုန်တို့ဖြင့် ငွေ့ရည်ဖွဲ့ဖူးသော မိုးရာသီ - ဟိုးအဝေးက ဖျော့ဖျော့လွင်လွင် တစ်သွင်သွင်တိုက်နေတဲ့လေတိုးသံတွေကြားမှာ ညနေကမှုန်တည်မှုန်ကုတ်နဲ့ အိပ်ယာနိုးစ ကြယ်မလင်းတလင်းအချို့နဲ့အပြိုင် နှင်းလာမယ့်လမ်းမှာ က...
    3 days ago
  • ကုသိုလ်နည်းနည်း ငရဲများများ - “ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ”ဆိုသော စကားပုံကို မြန်မာတိုင်းသိကြပါသည်။ သို့သော် မိမိသည်ပင် နေ့စဉ် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်နေသည်ကို ပြုပြင်ရန် မေ့လျော့နေတ...
    3 days ago
  • သားဆက်ခြားနည်းများ (Birth Spacing Methods) - အပြည့်အစုံကို http://www.drwinthein.com တွင် ရေးသားထားပါသည်။
    3 days ago
  • Kav (6,7,8,9) (08-03-2010) - ဒါကတော့ kaspersky keys တွေကို စုပြီးတော့ ထည့်ပေးလိုက်ပါတယ် . Download linkကိုတော့ နှစ်နေရာကပဲ တင်ပေး ထားလိုက်ပါတယ် . အဆင်ပြေသလိုသာ Download လုပ်ကြပါ . အောက်...
    4 days ago
  • knowledge bridge နှင့် မိတ်ဆက် - မြန်မာနိုင်ငံမှာ လစဉ်ပုံနှိပ် ထုတ်ဝေတဲ့ knowledge bridge magazine ရဲ့ Vol.1, No.9 March, 2010 ထုတ် ဖြစ်ပါတယ်။ knowledge bridge က အိုင်တီနည်းပညာနှင့် သတင်းမ...
    5 days ago
  • Confusing Chinese Names (Joke) - အရေးပေါ်ဖုန်းတစ်ခု Operator တစ်ဦး ဆီဝင်လာပါတယ် သူတို့ အချင်းချင်း ပြောဆိုနေသံပါ။ *Caller* : Hello, can I speak to Annie Wan (anyone)? *Operator* : Yes, y...
    1 week ago
  • အလွမ်းသက်သက် - ကိုယ့်အချစ်ကိုယ် တာဝန်မယူတတ်သူအတွက် ပျော်ဖို့သိပ်ခက်တာ ဆန်းသလားကွယ်… ချစ်ရုံလေး ချစ်တတ်တာကလည်း အပြစ်တစ်မျိုး ဖြစ်နိုင်သေးတာပဲ… ဒါကိုလဲ အသည်းကွဲမှ သိခဲ့… အခ...
    1 week ago
  • G mail account hacking! - မနေ့က အိမ်မှာတစ်နေကုန်ပစ္စည်းတွေရှင်းရင်း အွန်လိုင်းကို တစ်နေကုန်အောင်ဖွင့်ထားခဲ့တော့ ညီမလေးဥမ္မာက “မမ၀ါရေ...........” ဆိုပြီး ခေါ်လာတယ်။ကျွန်မက အိပ်ခန်းအပြင်...
    1 week ago
  • " မျက်လုံး " - " မျက်လုံး " တဲ့ ပြက်လုံး ထုတ်ရင် အသက်ပါ ဆုံးသွားမယ် " ငါ " ... ဘယ်တော့မှမကျဆုံးဘူး . . . . .
    1 week ago
  • Word နဲ့ PowerPoint အတွက် DocTranslate - ကျွန်တော်မေးလ်ထဲမှာ ပို့လာတဲ့ Word files Attachments တွေကို Auto Translate လုပ်တဲ့နည်းကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုနည်းကတော့ Software နဲ့ ပြုလုပ်တဲ့နည်းကု...
    2 weeks ago
  • အိပ်မက်ထဲကကျောင်းတော် (၃) - ၂၀၀၀ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ပထမနှစ်စာမေးပွဲဖြေရတယ်.. ၆လပါတ် နှစ်ဝက်စာမေးပွဲထက်စာရင်တော့ တိုးတက်လာတယ်ပြောရမှာပေါ့.. ဟိုတုန်းက မေးချင်ရာမေး ဖြေချင်ရာဖြေခ...
    2 weeks ago
  • မသိကိန်း - *ဆုံးမစကား* *ကြားနာဖူးတယ်* *"မသိမသာ"တဲ့လေ* *"မသိ"တော့ "မသာ" ဖြစ်သတဲ့။ * *ဒါ့ကြောင့်* *သင်္ချာပညာရှင်တွေလဲ* *မသိကိန်းတွက်နည်းတွေ* *ဖော်ထုတ်လေသလားပဲ။ * *ငါ့အတွ...
    1 month ago
  • ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်း - ခုတလောမှာ အတွေးတစ်ခု ကို ချဲ့ ထွင်ပြီးတွေးမိနေပါတယ်။ ကျွန်တော်ဘာတွေးမိနေသလဲဆိုတာလေး တင်ပြ ချင်စိတ်ကလေး ဖြစ်လာတာနဲ့  ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ ကျွန်တော်တ...
    2 months ago
  • " ပြက်လုံး " -့  သွေးပူ နေတုန်းက အေးတူ ပူုမျှ ဖေးကူ ထူမ တွေးပု ငိုရ ခုတော့ ဟာသ … ။ မောင်ငယ်
    4 months ago
  • ခေါင်းကိုက်တယ်ဆိုရင် - ခေါင်းက ခဏခဏ ကိုက်နေတတ်တယ်။ ဖြစ်ပုံက လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကစပြီး နေပူထဲက ပြန်လာရင် ခေါင်းတခြမ်းက အရမ်းကိုက်တယ်။ ဘယ်လောက်အထိ ကိုက်လဲဆိုရင် တခါတလေ အဲဒီက...
    5 months ago
  • Gtalk ကနေ မြန်မာနိုင်ငံကို ဖုန်း Message ပို့ချင်တဲ့ လူများအတွက် - gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်းMesge ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ ၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရ...
    10 months ago

အမှတ်တရအကြံပြုချက်လေးများရေးသားခဲ့ရန်


ဘိက္ခုနီဝိနိစ္ဆယစာတမ်း

ယုံမှတ်လို့ပုံအပ်မိသူများ

နေ့စဉ်ရေးသားတရားတော်အသစ်များ

နေ့စဉ်ရေးသားတရားတော်အသစ်များ
ဒီနေရာလေးကိုကလစ်ပြီးသွားရောက်နိုင်ပါသည်...

မြန်အောင်မိသားစုများဆုံဆည်းရာ

မြန်အောင်မိသားစုများဆုံဆည်းရာ
ဒီနေရာလေးမှာကလစ်ပြီးသွားရောက်နိုင်ပါသည်။

Blog Archive

Search this blog

Loading...