ဒကာလေးရေ...
ဒကာလေးမေးတဲ့ကိစ္စက ဘုရားအရာသာ ဖြစ်ပါတယ်...
ဘုရားအရာကို ဗေဒင်ဆရာ လောကဓာတ်ဆရာ အဆင့်လောက်တွေက ပြောဆိုနေခြင်းမျှသာပါ...
ဘုန်းကြီးက ဗုဒ္ဓဘာသာအစစ်ဆိုတော့ ဘုရားစကားမှလွဲ၍ ဘယ်သူ့စကားမှ လက်မခံတတ်ပါဘူး...
ဒီတော့ မဟုတ်ဘူးလို့ပဲ ပြောပါရစေ...
ဒကာလေးတို့ သိထားတဲ့အတိုင်းပါပဲ ဒီဘဒ္ဒကမ္ဘာမှာ သဗ္ဗညုဘုရားအစစ်
ငါးဆူပွင့်ပြီးမှ ကမ္ဘာပျက်မှာပါ...
ယခုလက်ရှိ ပွင့်တော်မူနေတဲ့ဘုရားက လေးဆူမြောက် ဂေါတမဘုရားပါ...
နောက်ဆုံး ငါးဆူမြောက် ဘုရားကတော့ အရိမေတ္တေယျဘုရား ဖြစ်ပါတယ်...
အရိမေတ္တေယျဘုရား ပွင့်တော်မူပြီးမှသာ ဒီဘဒ္ဒကမ္ဘာက ပျက်ဆီးပါမယ်...
ကမ္ဘာပျက်ဖို့ရာ ၂၀၁၂ မပြောနဲ့ဦး ရေတွက်လို့ဖြင့် မရလောက်အောင် လိုလှပါသေးတယ်...
ကမ္ဘာပျက်ပုံကို ၃၁-ဘုံဇယား ထည့်ပေးလိုက်တယ်...
၁ အေ ကတော့ဖတ်ပုံဖတ်နည်း ဖြစ်ပါတယ်...
၁ ဘီ ကတော့ ဇယားပေါ့ ဒါလေးကို ကြည့်တတ်သွားရင်အများကြီး သိသွားပါမယ်...
စာအုပ်အညွှန်းတွေ ထည့်ပေးလိုက်ပါတယ် ဆက်လက်လေ့လာကြပါ...
ဂူးဂယ်မှာ ရှာကြည့်ရင်လည်း တွေ့ရပါတယ်...ဒါပေမဲ့ စာမှားတွေကလည်း အတော်များပါတယ်...
ပါဠိတော် မြန်မာပြန် မူရင်းနဲ့တိုက်ပြီး လေ့လာနိုင်ကြပါစေ...
စိတ်ချမ်းသာကြပါစေ
ဦးလောကနာထ
၁၀.၂၇.၂၀၀၉

Copyright 2010 မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း
Theme designed by Lorelei Web Design
Blogger Templates by Blogger Template Place | supported by One-4-All
1 အကြံပြုပါသည်။:
တောသားလေးရေ..ကမ္ဘာပျက်မယ်ဆိုတာတော့ အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် ခုလိုဆရာတော်နဲ့ အမေးအဖြေကဏ္ဍလေးလုပ်ပေးတာ အသိတိုးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
11/09/2009 7:03 PMPost a Comment