အစ်မ၀ါ တက်ဂ်ထားတဲ့“ကမ္ဘာပျက်ခါနီးတစ်လလောက်အလို”ဆိုတဲ့ Tag ပိုစ်လေးကိုကျွန်တော်
ရေးသားလိုက်ပါတယ်။ကျွန်တော်တို့ထေရ၀ါဒဗုဒ္ဓဘာသာလူမျိုးများအတွက်ကမ္ဘာပျက်ခြင်းနဲ့ဆိုင်
တဲ့ဆရာတော်ကြီးတစ်ပါးဟောကြားတော်မူခဲ့တဲ့အမေးအဖြေပို့စ်လေးကိုလည်း ကျွန်တော်ဆက်
လက်တင်ပေးပါမယ်ခင်ဗျာ။
မြတ်စွာဘုရားရှင်က“အဇ္ဇေ၀ါ သုေ၀၀ါ ပရသုေ၀၀ါ”ဆိုပြီးယနေ့သေမလား၊မနက်ဖြန်သေမလား၊
သန်ဘက်ခါသေမလား၊ နောက်တစ်လနေမှသေမလား၊ ဘယ်နေ့သေမယ်ဆိုတာဘယ်သူသိနိုင်မ
လဲ၊အသေကမဦးခင်ဥာဏ်ကဦးအောင်အလုပ်လုပ်ပါဟုအရေးတကြီးဟောတော်မူခဲ့ပါသည်။
လူတိုင်းမှာ“သေခြင်း”ဆိုတဲ့သဘောတရားဟာစက္ကန့်အတွင်း မိနစ်အတွင်း၌ဖြစ်ပွားနိုင်သည်ကိုအ
မြဲတမ်းသတိရှိနေကြရပါမည်၊ယင်းသတိကို “မရဏဿတိ”ဟုခေါ်ပါသည်၊“အမြဲတမ်းပွားများနေရ
မည်”ဟုမြတ်စွာဘုရားရှင်က မိန့်တော်မူပါ၏။ကမ္ဘာပျက်ခါနီး တစ်လအလိုဆိုတဲ့ ပို့စ်လေးနဲ့ပတ်
သက်၍သေခြင်းတရားကိုရဲဝံ့စွာရင်ဆိုင်သွားနိုင်သော ဇာတ်တော်လေးတစ်ပုဒ်ကိုကျွန်တော်ဖော်
ပြလိုက်ပါတယ်။
ဇာတ်တော်ထဲမှာပါတဲ့မိသားစုကအံသြဖွယ်ကောင်းလှပါသည်။ဖခင်နှင့်သားကြီးတို့ကယာတော
သို့သွား၍ ထွန်တစ်စင်းစီဖြင့်ထွန်နေကြသည်၊တစ်နေရာတွင်အဆိပ်ပြင်းသောမြွေကြီးကသားဖြစ်
သူကိုကိုက်လိုက်ရာနေရာတွင်“ဘိုင်း”ခနဲလဲကျသွားရလေ၏။
ဖခင်ကပြေးလာ၍ပွေ့ထူပြီးပြုစုရှာပါသည်၊ သို့သော်မရ၊ အဆိပ်ပြင်းလှသောကြောင့်ချက်ချင်းပင်
သေသွားရရှာ၏၊ အလောင်းကိုသစ်ပင်ရိပ်သို့ယူလာပြီး သစ်ကိုင်းတို့ဖြင့်အုပ်ထားလိုက်သည်၊ထို့
နောက်ဖခင်ကမပြီးသေးသောယာကွက်ကိုဆက်လက်ထွန်နေ၏။
ခဏကြာသောအခါယာတောအနီးမှဖြတ်သန်းသွားသောလူကြုံကိုမှာလိုက်၏-“ကျွန်တော်တို့အိမ်ကိုပြောလိုက်စမ်းပါ၊ယနေ့တစ်ယောက်စာသာထမင်းပို့ပါ၊ပြီးတော့လူကုန်လာ
ခဲ့ကြလို့လူကြုံကမှာလိုက်သည့်အတိုင်းပြောသောအခါ မိခင်လုပ်သူက“အဲဒါဘယ်သူကမှာလိုက်
တာလဲ”ဟုမေးမြန်းရတော့၏၊ဖခင်၏နာမည်ကိုပြောသောအခါ“သြော်...ငါ့သားကြီးမရှိတော့ဘူး
ကိုး”ဟုသိပါတော့၏။
ထမင်းဟင်းများကျက်သောအခါတစ်ယောက်စာယူခဲ့၍မိခင်ကြီးကသမီး၊ချွေးမ၊အိမ်ဖော်မကလေး
တို့ကိုအကျိုးအကြောင်းပြောပြပြီးယာတောသို့အတူတကွလာခဲ့ကြသည်။
ယာတောတွင်းသစ်ပင်ရိပ်၌သေသူ၏ရုပ်အလောင်းကိုတွေ့ကြရ၏၊ကိုယ်စီကိုယ်ငမျက်နှာကလေး
များညှိုးငယ်ကြရုံမှအပမည်သူမျှမငိုကြပေ။
ဖခင် လုပ်သူထမင်းစားပြီးသောအခါ သစ်ကိုင်းခြောက်တို့ကိုစု၍ရုပ်အလောင်းကိုဝိုင်းအုံမီးသဂြိင်္ုဟ်
ကြသည်၊မမြဲခြင်းသဘောတရားတို့ကိုနှလုံးသွင်း၍မည်သူမျှမငိုကြပေ။
ဤသဘောတရားသည်လောက၌ ထူးဆန်းလွန်းနေ၏၊ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာအထိသွား၍
တင်းလေသည်၊ထို့ကြောင့်သိကြားမင်း ကိုယ်တိုင်ဆင်းလာစုံစမ်းရလေ၏။မငိုဘဲမီးရှို့နေကြသော
မိသားစုကိုသွား၍တွေ့လေသည်၊အဘိုးအိုဟန်ဆောင်၍မေးမြန်း၏-
“အဲဒါဘာလုပ်နေကြတာလဲဗျ”
“သေသူကိုမီးသဂြိုင်္ဟ်နေကြတာပါ”
“ဟုတ်-မထင်ပါဘူး၊ခင်ဗျားတို့ဟာ သမင်တို့ ဂျီတို့ ယုန်တို့ကိုဖုတ်နေကြတာထင်ပါရဲ့”
“မဟုတ်ပါဘူး၊လူသားတစ်ယောက်ကိုမီးသင်္ဂြိဟ်နေကြတာပါ”
“လူသားဆိုရင်ခင်ဗျားတို့ငိုကြမှာပေါ့ဗျ၊အခုတော့တစ်ယောက်ကမှမငိုကြဘဲဟာ၊ဆွေမတော်မျိုးမ
တော်တဲ့လူမို့လို့လား”
“မဟုတ်ပါဘူး၊တော်ပါတယ်၊ကျွန်တော်တို့သားပါ”
“သြော်...မွေးစားသားလား၊ဒါကြောင့်မငိုဘဲနေနိုင်ကြတာထင်ပါရဲ့”
“မဟုတ်ပါဘူး၊ကျွန်တော်ကအဖေရင်းပါ၊ဟောဒါက အမေအရင်းပါ၊ ရင်နဲ့လွယ်ပြီးမွေးထားတဲ့သား
ပါ”
“နို့ခင်ဗျားတို့ဘာလို့မငိုကြတာလဲ”
“ကျွန်တော်တို့ငိုလို့ပြန်ပြီးအသက်ရှင်လာမယ်ဆိုရင်တော့လဲအဟုတ်သားပေါ့ဗျာ”
“ဒါဖြင့်ဒီအမေလုပ်တဲ့သူကရောဘာလို့မငိုတာလဲ”
“ကျွန်မဟားဒီသားကို“လာပါ”လို့ခေါ်တာမဟုတ်ဘူး၊မခေါ်ဘဲနဲ့ကျွန်မရင်ထဲကိုရောက်လာတာ၊အ
ခုကျတော့လဲ“သွားပါ”လို့ကျွန်မကနှင်တာမဟုတ်ဘူး၊မနှင်ဘဲနဲ့သွားတာအဲဒါကြောင့်...”
“သြော်ဒီဘက်ကသူငယ်မကဘာတော်တုံး”
“နှမကလေးအရင်းခေါက်ခေါက်ပါ”
“နို့သူကရောဘာလို့မငိုတာလဲ၊မချစ်လို့လား”
“မချစ်လို့မဟုတ်ပါ၊ ကျွန်မ အစ်ကိုကြီးကိုချစ်ပါတယ်၊ ငိုနေခြင်းဖြင့်အကျိုးမရှိပါကျန်ရစ်တဲ့သူတွေ
နွမ်းရိရုံမျှသာဖြစ်ပါမယ်...”
“သြော်...ဟိုဘက်ကသူငယ်မကရော...”
“အဲဒါကသေသူရဲ့ဇနီးလေးပါ...”
“နို့ဘာလို့မငိုတာလဲ၊ ခင်ပွန်းက မင့်အပေါ်နိုင့်ထက်စီးနင်းဆက်ဆံလွန်းလို့လား၊ခဏခဏရိုက်
လို့လားမချစ်လို့မမြတ်နိုးလို့လား...”
“အဲဒါတွေတစ်ခုမျှမဟုတ်ပါ၊ကျွန်မခင်ပွန်းအပေါ်ကျွန်မကသိပ်ပြီးမြတ်နိုးပါတယ်၊ခင်ပွန်းကလဲကျွန်
မအပေါ်သိပ်ပြီးကြင်နာတယ်၊ငိုနေခြင်းဖြင့်အကျိုးမရှိတဲ့အပြင်မနာလိုသူတို့အတွက်သဘောကျစ
ရာတောင်ဖြစ်သွားနိုင်ပါသေးတယ်၊အဲဒါကြောင့်မငိုတာပါ...”
“ဟိုဘက်ကသူငယ်မလေးကရောဘာတော်သလဲ...”
“သြော်...အဲဒါလေးကလဲအိမ်သားတစ်ဦးပါပဲ၊ အိမ်မှာ အကူအညီ (မွေးချင်းအရင်းပမာ)အဖော်က
လေးပါ...”
“ဒီလိုဆို...မင်းကရောဘာလို့မငိုတာလဲ၊မင့်အရှင်သခင်ကမင်းကိုခဏခဏနှိပ်စက်လွန်းလို့လား၊
ရိုက်လွန်းလို့လား...”
“မဟုတ်ပါ၊ကျွန်မရဲ့အရှင်သခင်ကသိပ်ပြီးသဘောကောင်းပါတယ်၊စာနာတတ်ပါတယ်၊ငဲ့ညှာတတ်
ပါတယ်၊သနားတတ်ပါတယ်၊ကျွန်မရဲ့အရှင်သခင်ဟာ(မြွေရေလဲသလို)ဒီဘ၀ကနေဟိုဘက်ဘ၀ကို
ုပြောင်းခြင်းမျှသာဖြစ်လို့မငိုဘဲနေတာပါ...”
ထိုအခါလူအိုကြီးက“နေစမ်းပါအုံးဗျ။ခင်ဗျားတို့မိသားစုတွေဟာဒီလိုမငိုဘဲနေနိုင်တာဘယ်လိုကျင့်
သုံးထားကြလို့လဲဗျ...ဟူ၍မေးပါတော့သတတ်၊ ထိုအခါ အိမ်ထောင်ဦးစီးဖခင်လုပ်သူကရှင်းပြရ
တော့သည်။
“ကျွန်တော်တို့မိသားစု(၆)ဦးစလုံး(မရဏဿတိ)ဆိုတဲ့သေခြင်းသဘောတရားကိုအမြဲတမ်းနှလုံး
သွင်းနေကြပါတယ်၊အဲဒီအစွမ်းကြောင့်မငိုဘဲနေနိုင်ကြတာပါ...
”ထိုအခါလူအိုကြီးပုံ“ဖျက်ကနဲပျောက်သွားပြိးထိုနေရာတွင်ပင်“ထပ်”ခနဲသိကြားမင်းကြီးအသွင်ပေါ်
ပေါက်လာတော့၏။မိသားစုများလည်းအံ့အားသင့်သွားကြသည်၊ထိုအချိန်တွင်သိကြားမင်းကြီးက
ထိုမိသားစုကိုချီးကူးပြီးလျှင်“ဒီအတိုင်းဆက်လက်ကျင့်သုံးသွားကြပါ”လို့တိုက်တွန်းမှာကြားသွား
ပါသည်။အထက်ဖော်ပြပါဇာတ်တော်လေးမှမိသားစု(၆)ယောက်သည်မြတ်စွာဘုရားရှင်ဟောကြား
တော်မူခဲ့သော မရဏသတိကို အစဉ်ပွားများနေသောကြောင့် သေခြင်းတရားနဲ့ရင်ဆိုင်ရသော်
လည်း တုန်လှုပ်ခြင်းမရှိဘဲရင်ဆိုင်သွားနိုင်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့သည်လည်းအဲဒီ မိသားစု
လိုကျင့်ကြံနိုင်ရင် ကမ္ဘာပျက်တာ တစ်လကြာမှမဟုတ်ပါဘူး၊ ခုချက်ချင်းပျက်သွားတောင်ရင်ဆိုင်
သွားနိုင်မှာဖြစ်ပါတယ်။ဒါပေမယ့်ပုထုဇဉ်လူသားတွေဟာ-
(၁)ဇာတိမဒ=ဇာတ်ကိုစွဲ၍မာန်တက်ခြင်း။
(၂)ဂေါတ္ထမဒ=မျိုးနွယ်ကိုစွဲ၍မာန်တက်ခြင်း။
(၃)သိပ္ပမဒ=အတတ်ပညာကိုစွဲ၍မာန်တက်ခြင်း။
(၄)အာရောဂျဒ=အနာရောဂါကင်းမှုကိုစွဲ၍မာန်တက်ခြင်း။
(၅)ယောဗ္ဗမဒ=အရွယ်နုပျိုခြင်းကိုစွဲ၍မာန်တက်ခြင်း။
(၆)ဇီဝိတမဒ=အသက်ရှည်ခြင်းကိုစွဲ၍မာန်တက်ခြင်း။
(၇)၀ဏ္ဏရူပမဒ=အဆင်းလှခြင်းကိုစွဲ၍မာန်တက်ခြင်း။
(၈)သောဘဂ္ဂမဒ=ဘောဂပေါကြွယ်တင့်တယ်မူမျိုးကိုစွဲ၍မာန်တက်ခြင်း။
(၉)ပရိဝါရမဒ=ကျော်စောသတင်းခြံရံများခြင်းကိုစွဲ၍မာန်တက်ခြင်း။
ဆိုတဲ့မာန်တွေမှာရစ်နေရင်တော့သေခြင်းတရားမဆိုထားဘိကမ္ဘာပျက်တာတောင်ရင်ဆိုင်နိုင်မှာ
မဟုတ်ပါဘူး။မာန်ရစ်ပြီးသေမှာကိုမေ့နေကြရင်တော့ဖြင့်ကိုယ်ပြုသည့်ကံကိုယ်ထံပြန်လာမှာမလွဲ
ဧကန်ဖြစ်ပါတယ်။၎င်းမာန်တက်ခြင်းများကိုလည်း မြတ်စွာဘုရားရှင်က ရှောင်ရှားရမည်ဟုဟော
ကြားတော်မူခဲ့သည်။
မှီးငြမ်း-မိုးကုတ်ဆရာတော်ဘုရားကြီး(တစ်ဘ၀သာသနာစာအုပ်မှ)*********************************************
အစ်မ၀ါရေ မေးခွန်းတွေကိုဖြေတော့မယ်နော်။ကျွန်တော်လည်းပုထုဇဉ်လူသားတစ်ယောက်ဖြစ်
တဲ့အတွက်ပုထုဇဉ်တွေခံစားသလိုဘဲခံစားရမှာပါပဲဗျာ။
၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ...
ကဲ...မိသားစုနဲ့ရှိနေချင်တယ်လို့ဖြေနိုင်ပေမယ့်တကယ်တမ်းကျတော့မိသားစုကလည်းသေရင်
ကိုယ်နောက်ပါမှာမဟုတ်တဲ့အတွက်ကိုယ်နောက်ပါနိုင်တဲ့သရဏဂုံသုံးပါး၊သတိတရားလက်လွတ်
မသွားနိုင်အောင်ဟောပြောပေးနိုင်တဲ့သူနှင့်သေခြင်းတရားကိုရင်ဆိုင်သွားနိုင်တဲ့မိသားစုနဲ့အတူ
ရှိနေချင်ပါတယ်။
(၂) ဘာတွေခံစားနေရလဲ...
အော်...ငါရခဲလှတဲ့လူ့ဘ၀မှာ ဘာမှမလုပ်ရသေးခင် သေရတော့မယ်ဆိုတာကိုတွေးပြီးဝမ်းနည်း
စွာခံစားမိပါတယ်။
(၃) ဘာတွေပြင်ဆင်ထားမလဲ...
ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက်အနိမ့်ဆုံးအဆင့်စူဠသောတာပန်ဆင့်အထိ
ရောက်အောင်တော့ပြင်ဆင်မိမှာဖြစ်ပါတယ်။
(၄) ၀မ်းနည်းမိမှာက...
ခုထိငါဘာမှမလုပ်ရသေးပါလား၊ဘာမှမသိသေးပါလားတွေးပြီးဝမ်းနည်းမိမှာအမှန်ဘဲ။
(၅) ကြောက်လန့်မိတာက...
ငါသေသွားရင် အယူဝါဒလွဲမှားနေတဲ့နေရာတွေ၊ ရတနာမြတ်သုံးပါးနဲ့မိဘ၊ဆရာကိုမရိုသေတဲ့နေ
ရာတွေ၊တရားမရနိုင်တဲ့နေရာတွေကိုရောက်သွားမှာကြောက်လန့်မိပါတယ်။
(၆) ဆောင်ထားချင်တာ...
မြတ်စွာဘုရားဟောကြားခဲ့တဲ့ ”အပ္ပာမာဒေန သမ္ပာဒေထ”တရားကို လက်ကိုင်ထားရပြီးဆောင်
ထားရမှာဖြစ်ပါတယ်။
(၇) ဘာတွေရေးမိမလဲ...ပုထုဇဉ်ဖြစ်တဲ့အတွက်ကိုယ်ကိုယ်တိုင်တောင်မလွတ်နိုင်သေးတာသူများအတွက်ဘာမှရေးမိမှာမ
ဟုတ်ပါဘူးဗျာ။
(ဂ) တွေးမိတွေးရာ...ငါတို့ကြိုးစားခဲ့တဲ့ရာထူး၊စည်းစိမ်၊ဂုဏ်ပကာသနတွေကခုတော့လဲဘာမှမဟုတ်ပါလားလို့တွေး
မိမှာဖြစ်ပါတယ်။
(၉) ဂုဏ်ယူချင်တာက...မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်များကိုကြားနာခွင့်ရတဲ့ကမ္ဘာမှာရခဲလှတဲ့
လူ့ဘ၀ကိုရခဲ့တာပါလားလို့ဂုဏ်ယူမိပါတယ်။
(၁၀) ရှာကြံဖြေသိမ့်မိတာက...
အော်...ငါအလုံးစုံလွတ်မြောက်တဲ့မဂ်ဖိုလ်နိဗ္ဗာန်ကိုမရခဲ့ပေမယ့်ဒါန၊သီလ၊ဘာဝနာမျိုးစေ့လေး
တွေကိုစိုက်ပျိုးခဲ့ပါလားလို့ဖြေသိမ့်မိမှာပါဘဲခင်ဗျာ။
(၁၁) ကျူးရင့်ချင်တဲ့ဥဒါန်း..
ငါဟာမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို နာကြားရပြီး မိဘကျေးဇူးကို
မြတ်စွာဘုရားရှင်လိုအကျေမဟုတ်ပေမယ့်ထိုက်သင့်သလောက်ဆပ်နိုင်ခဲ့ပါလား၊ငါကြောင့်ငါ့မိ
ဘတွေစိတ်ညစ်ပြီးမျက်ရည်မကျခဲ့ရပါလား၊မိဘတွေစိတ်ချမ်းသာအောင်ထားနိုင်ခဲ့ပါလားလို့...
ဒါကြောင့်ငါသေရတာမြတ်ပါတယ်လို့ပြောချင်ပါတယ်။

ပြန်လည် Tag ချင်တာတော့-
၂။ ဓမ္မသုခ
်၆။ မ(အနမ်း)
၇။ ၀ိုင်း
ကျွန်တော်တို့ထေရ၀ါဒဗုဒ္ဓဘာသာအတွက်တော့ ၂၀၁၂ ဆိုတာမဖြစ်နိုင်ပါဘူး။
ဒါပေမယ့်ကမ္ဘာပျက်ဖို့တစ်လအလိုမှာ ညီအစ်ကိုမောင်နှမတို့ဘာတွေပြင်ဆင်ကြမလဲလို့သိချင်
လို့ပြန် Tag လိုက်ခြင်းဖြစ်ပါတယ်။ရေးဖို့ မအားလပ်ရင်လည်းအချိန်ရမှရေးပေးနိုင်ပါကြောင်းခင်
ဗျာ။
အစ်မ၀ါနဲ့တကွဓမ္မမိတ်ဆွေသူငယ်ချင်းများအားလုံးကျွန်တော်လည်းမအားတဲ့ကြားကတတ်နိုင်သ
လောက်ကြိုးစား၍ပြန်ပြီးတက်ဂ်ထားပါတယ်။
အားလုံးကျေနပ်နိုင်ပါစေ။အမှားပါရင်လည်းနားလည်ပေးကြပါ။
မရဏသတိလေးကိုပွားများနိုင်ကြပါစေ။

6 အကြံပြုပါသည်။:
ကမ္ဘာမပျက်ခင်တစ်လအလို ပိုစ့်လေးလာရောက်ဖတ်ရှု သွားပါတယ်။ ဇာတ်တော်လေးနဲ့ အတူ အချက်အလက် များကိုရေးသားထားတာကောင်းပါတယ် တောသားလေးရေ.. ။ အဆင်ပြေပျော်ရွှင်ပါစေနော်
အပေါ်ကဇာတ်တော်လေးရော အောက်ကတဂ်ထားတာ
လေးရော လေးလေးနက်နက် ဖတ်သွားပါတယ်အစ်ကိုရေ
ဒီဇာတ်တော်ကို ဖတ်ဖူးခဲ့ပါတယ် . . . ခုတော့ ကမ္ဘာပျက်
တာနဲ့  ဆက်သွယ်သွားတော့ ပိုပြီးအဓိပာယ်ပြည့်ဝသွားပါတယ် . . .
အရမ်း တန်ဖိုးရှိတဲ့ ပို့စ်ကောင်းလေးတစ်ပုဒ်ပါ။ လူသားတိုင်း မရဏသတိကို အစဉ်ပွားများနိုင်ကြပါစေ
အားလုံး ဆင်ခြင်ကြပါကုန်။
ကိုတောသားလေးရေ တက်ဂ်ပို့စ်တော့ ခဏစောင့်ပါ ရေးပေးပါ့မယ် ရေးထားတာလေးတွေဖတ်ပြီးတော့ပဲ နှလုံးသွင်းဆင်ခြင်ရတော့မယ်.........
အပေါ်ကဇာတ်တော်လေးနဲ့တွဲပြီးရေးထားတော့ သေခြင်းတရားကို ပိုပြီးဆင်ခြင်မိသွားပါတယ် တောသားလေးရေ....
ကမ္ဘာကြီးက ပျက်ဦးမှာမဟုတ်ပါဘူးနော်.ကြိုတင်ပြီး သေခြင်းတရားကို ဆင်ခြင်နှလုံးသွင်းနိုင်ကြတာ ဒီပို့စ်လေးရဲ့ အမြတ်ပဲပေါ့။
ရေးပေးတာ ကျေးဇူးတင်ပါတယ်။
ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ။
အစ်မ၀ါ
မကြာခင်ရေးပေးမယ် တောသားလေးရေ..
ရေးပြီးပါပြီး))
Post a Comment